"ပန်းချီပညာနှင့်တိုင်းပြည်ဂုဏ်ဆောင်ခဲ့သူ"
"မြန်မာ့ပန်းချီကျော် ဦးဘညဏ်"
မြန်မာ့ပန်းချီလောကတွင်ထင်ရှားကျော်ကြားသောပန်းချီဆရာတစ်ဦးရှိပါသည်။ထိုသူမှာဦးဘညဏ်ဖြစ်သည်။ဦးဘညဏ်ကို၃-၁-၁၈၉၇ခုနှစ်တွင်အဖဦးဘအို၊အမိဒေါ်ညိုတို့မှပန်းတနော်မြို့တွင်မွေးဖွားသည်။မွေးချင်း၆ယောက်အနက်ပဉ္စမမြောက်သားဖြစ်သည်။ ငယ်စဉ်ကတည်းကညီအကိုမောင်နှများနှင့်စရိုက်သဘာဝမတူစွာအသ်လေးနှစ်အရွယ်မှစ၍ကျောက်သင်ပုန်းပေါ်တွင်အရုပ်ရေးဆွဲနေလေ့ရှိသည်။အသက်၇နှစ်ရောက်လျှင်မူလတန်းကျောင်းထားသော်လည်း၊ကျောင်းစာကိုစိတ်မဝင်စားပဲ ပုံဆွဲခြင်းကိုသာအာရုံစိုက်နေသောကြောင့်အရိုက်ခံရဖန်များလေသည်။သို့သော်လည်းအရုပ်ရေးဆွဲခြင်းကို ဦးဘညဏ်အားမည်သူမျှတားဆီးနိုင်
စွမ်းမရှိချေ။
အသက်၁၄နှစ်အရွယ်ရောက်လျှင် မိဘနှစ်ပါးက၎င်း၏ဝါသနာကိုမဆန့်ကျင်တော့ပဲ ပန်းချီဆရာဦးဘိုးမောင်ထံအပ်နှံ၍ ပန်းချီပညာကို
သင်ကြားစေခဲ့သည်။အစိုးရအတတ်သင်နော်မန်ပညာကျောင်းကို ဗြိတိသျှအစိုးရက မော်လမြိုင်မြို့တော်၌တွဲဖက်ဖွင့်လှစ်သောအခါ
ဦးဘညဏ်သည်ဆရာဦးဘိုးမောင်ထံမှတစ်ဆင့် ထိုကျောင်းသို့ပြောင်းရွေ့ပညာသင်ကြားခဲ့သည်။ထိုစဉ်ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲပြု
လုပ်ရာ၌ ဦးဘညဏ်သည် စတုတ္ထမြောက်ဂျော့ဘုရင်၏ပုံတူကိုဆေးရောင်စုံဖြင့် ရေးဆွဲ၍ပြိုင်ပွဲဝင်ရာ မြန်မာတစ်နိုင်ငံလုံး၌ ပထမဆုရ
ရှိခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ရှိ ဗြိတိသျှတို့၏ဘားမားအတ်ကလပ်တွင် ပထမဆုံးသောမြန်မာလူမျိုးပန်းချီသင်တန်းနည်းပြဆရာ
ဖြစ်လာခဲ့သည်။ ဗြိတိသျှအစိုးရက အင်္ဂလန်သို့ပညာတော်သင်စေလွှတ်သူများထဲတွင် ပန်းချီပညာသင်ယူရန်ပထမဆုံးစေလွှတ်ခံရသူ
မှာဦးဘညဏ်ဖြစ်သည်။
ဦးဘညဏ်သည်ဗြိတိသျှတော်ဝင်ကျောင်းမှ ၁၉၂၄ခုနှစ်ဇူလိုင်လ၁၈ရက်နေ့တွင်အောင်လက်မှတ်ချီးမြင့်ခံခဲ့ရသည်။ထို့နောက်
လန်ဒန်မှ ဥရောပနိုင်ငံများသာမက အာရေဗီယားနိုင်ငံအထိသွားရောက်ကာ အာရပ်လူမျိုးတို့၏သဲကန္တာရအတွင်းသွားလာနေထိုင်မှု
ဘဝဓလေ့များကိုလေ့လာ၍ ရေးကွက်အမျိုးမျိုးရှာဖွေကာပန်းချီကားများစွာရေးသားခဲ့သည်။ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာပြပွဲ
အဆင့်မျိုးဖြစ်သော ထူးခြားသစ်လွင်သည့်လက်ရာမျိုးကိုသာပြသနိုင်သည့် ပါရီဆလွန်းပြတိုက်ကြီး၌ ဦးဘညဏ်ရေးဆွဲတင်သွင်း
သော ပန်းချီကားသုံးကားတင်သွင်းပြသလျှင် ပြင်သစ်၊အီတလီ၊အင်္ဂလိပ်သတင်းစာဆရာတို့က ချီးကျူးရေးသားရည်အထိ နိုင်ငံ
တကာကို ထိုးဖောက်နိုင်ခဲ့သည်။ ထို့ပြင် ဦးဘညဏ်သည် ခေတ်ဟောင်းပန်းချီနှင့်ခေတ်သစ်ပန်းချီကိုပေါင်းကူးနိုင်သေးပန်းချီပညာ
ကိုဖန်တီးခဲ့ကာ ပန်းချီကားများစွာကိုရေးဆွဲဖန်တီးခဲ့သူဖြစ်သည်။
ဦးဘညဏ်သည် ပန်းချီအမျိုးအစားအစုံကိုရေးဆွဲနိုင်သူဖြစ်သည်။ ပန်းချီပညာကိုသာ ထဲထဲဝင်ဝင်လေ့လာဖန်တီးနေခဲ့ရာ အသက်
၃၁နှစ်အရွယ်၌ ကတိုး(ကော့နှပ်)ကျေးရွာသူမစိန်ခိုင်နှင့် ၁၉၃၅ခုအောက်တိုဘာလ၂ရက်နေ့တွင်မင်္ဂလာဆောင်ခဲ့သည်။ ပန်းချီပညာ
ဖြင့် ရန်ကုန်မြို့တွင် အသက်မွေးဝမ်းကြောင်းပြုနေထိုင်ကြစဉ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာ၍ စစ်ဒဏ်ကိုရှောင်တိမ်းရန် ကတိုးရွာ
လေးသို့ ရှောင်ရှားနေထိုင်ရင်း ၁၉၄၅ခု၊အောက်တိုဘာ၁၂နေ့တွင် အအေးမိရောဂါဖြင့်ကွယ်လွန်ရှာသည်။
ဦးဘညဏ်၏အုတ်ဂူကို မော်လမြိုင်မြို့၊ကတိုးကော့နှပ်ကျေးရွာတွင်တွေ့ရှိနိုင်သည်။
#mr.potato
🇲🇲
"စာဖတ်သောလူမျိုးတို့သည် တိုးတက်၍
တိုးတက်သောလူမျိုးတို့သည် စာဖတ်ကြသည်။"

Comments
Post a Comment