မြန်​မာ့လူငယ်​​တွေစာမဖတ်​ကြ​တော့ဘူးလား
မြန်​မာ့လူငယ်​​တွေစာမဖတ်​ကြ​တော့ဘူးလား
"""""""""""""""""""""""""""""""""""""""""""""""""""""""""""""
စာဖတ်​ပါလို့​ပြောလည်း မဖတ်​ကြ​တော့ဘူး​လေ 
ဖုန်းထဲကသတင်း​လေး​တွေဖတ်​ပြီး သူတို့ကိုယ်​သူတို့ဗဟုသုတအ​ပေါင်းနဲ့ပြည့်​စုံလှပြီလို့ထင်​​နေကြတယ်​ ရသစာ​ပေဆိုတာ​တောင်​သူတို့​တွေသိပါ​လေစ
ဟိုတစ်​​နေ့ကဆိုလူငယ်​တစ်​​ယောက်​ကို
မေးကြည့်​တာ ရသစာ​ပေဆိုတာကဗျာ
ကို​ပြောတာလားတဲ့ အဲ့တာပဲကြည့်​​တော့ဗျာ facebookဆိုတာကြီးကိုဘဝလို့ထင်​​နေကြတဲ့ 
လူငယ်​​တွေများ ဒုနဲ့​ဒေး Social mediaက
သူတို့ဘဝကို ချူပ်​ကိုင်​​နေတယ်​ဆိုတာကို 
မသိချင်​​ယောင်​​ဆောင်​​နေကြတဲ့သူငယ်​နှပ်​စား​တွေများပုံလို့ 
တစ်​နိုင်​ငံလုံးမှာဝယ်​ယူဖတ်​ရူသူနည်းပြီးစာအုပ်​​ရောင်းရနှုန်းဖြန့်​ချိရမှုနှုန်း ကျဆင်းတယ်​ဆိုလားပဲ ကျမှာ​ပေါ့ လူငယ်​​တွေ အများစုစာမှမဖတ်​ကြ​တော့တာပဲ​လေ 
ပတ်​ဝန်းကျင်​ကို​မေ့ထားပြီး ဖုန်းထဲကအတုအ​ယောင်​​ပျော်​ရွင်​မှု​တွေကြားမှာ "စမီးနန်းဆန်​သွားလား,ကျွန်​​တော်​လှလားဟင်​ ဆိုတာ​တွေကိုပိုက်​ဆံ်​ကုန်​ခံပြီးတင်​​နေကြတဲ့ အနာဂတ်​​ပျောက်​​နေ
ကြတဲ့ လူငယ်​​တွေ
တချို့လူငယ်​​လေး​တွေဆို
မြန်​မာစာကိုမဖတ်​တဲ့အပြင်​ social media ​တွေမှာမြန်​မာစာကို ကိုယ်​ပိုင်​စကားတစ်​ခုလို ဖန်​တီးပြီး​ရေး​နေတင်​​နေကြတာ​တွေ့ရတယ်​ သူတို့​ကြောင့်​မြန်​မာ့စာ​ပေ​ပျောက်​မှာ​တောင်​စိုးရိမ်​​နေရ
သေးတာ 
တချို့လူငယ်​​တွေဆိုစာဖတ်​ဖို့မ​ပြောနဲ့ သူတို့ကစား​နေတဲ့ dota2,Mobile lengends​လောက်​ဘယ်​သူ့မှ သူတို့ဂရုစိုက်​တာမဟုတ်​ဘူး​လေစာဖတ်​ဖို့သူတို့ကိုသွား​ပြောရင်​ ပါးစပ်​ပါနားရွက်​ချိတ်​သွားမယ်​ ကျန်​​သေးတယ်​​ပြောဖို့အများကြီး ဒါပေမဲ့ ဒီ​လောက်​ပဲ
#​ဆိုလိုချင်​တာက လူငယ်​​တွေအများစုစာ
ဖတ်​ဖို့ ရသစာ​ပေဆိုတာမဖတ်​ကြ​တော့လို့ ကျွန်​​တော်​တို့နိုင်​ငံမှာ ကိုယ်​ချင်းစာတတ်​တဲ့သူ​တွေ
နည်းလာတာ သုတစာ​တွေမဖတ်​လို့ တီထွင်​နိုင်​မှုစွမ်းရည်​​ တွေနိမ့်​ကျခဲ့ရတာ စာ​ပေဆိုတာ
တိုင်းပြည်​အတွက်​ရတနာဖြစ်​တယ်​ဆိုတာလူငယ်​​လေး​တွေကိုသိ​စေချင်​တယ်​ မြန်​မာစာကို​လေးစားဖို့ တန်​ဖိုးထားဖို့ အရမ်းလိုအပ်​​နေတယ်​ဆိုတာ
သိ​စေဖို့ သူတို့​လေး​တွေဟာ ကျွန်​​တော်​တို့ရဲ့ အနာဂတ်​​လေး​တွေဆိုတာသူတို့သိပြီး စာ​ပေချစ်​ပြီး နိုင်​ငံချစ်​ ပြည်​သူ​လေး​တွေ​ ခေါင်း​ဆောင်​ကြီး​တွေဖြစ်​လာ​စေချင်​လို့ ဒီစာကို​ရေးလိုက်
တဲ့ဆိုတာသူတို့ကိုသိ​စေချင်​ပါတယ်
#ဒါနဲ့စကားမဆက်​ကျွန်​​တော်​ကခုမှ၁၀​ကျော်​သက်​ဗျ
#mr.potato
Comments
Popular posts from this blog
အာဇာနည်​​နေ့ဘာ​ကြောင့်​ဖြစ်​ပေါ်​လာရတာလဲ
"ပန်းချီပညာနှင့်​တိုင်းပြည်​ဂုဏ်​​ဆောင်​ခဲ့သူ"
တောပုန်းကြီးစံဖဲအတွက်​ကဗျာစပ်​ခဲ့သူ မြန်​မာ့စာ​ပေ​လောကတိုးတက်​​အောင်​ ​ရှေ့တန်းမှစွမ်း​ဆောင်​ခဲ့သူ "သခင်​ကိုယ်​​တော်​မှိုင်း"