မြန်​မာနိုင်​ငံကိုလက်​နက်​နိုင်​ငံအဖြစ်​ထူ​ထောင်​ရန်​ကြိုးစားခဲ့သူ

▶▶▶"အိမ်ရှေ့စံ ကနောင်မင်းသားကြီး"◀◀◀





သာယာဝတီမင်းတရားကြီးနှင့်တောင်ဆောင်
တော်ကျောက်မှော်မိဖုရားတို့မှ၁၁၈၁ခု
တော်သလင်းလပြည့်ကျော်၂ရက်​တနင်္ဂနွေနေ့တွင်
မွေးဖွားသန့်စင့်ပါသည်။
မင်းတုန်းမင်တရားကြီးညီတော်အရင်းဖြစ်ပါသည်။
ဘကြီးတော်ဘုရား(စစ်ကိုင်းမင်း)လက်
ထက်တော်ကအိမ်ရှေ့လောင်လျှာမင်း
သားသည်မြို့မတိုက်ကိုစားကြေးစားမြို့
ရရှိသောကြောင့်မြို့မမင်းသားဟုခေါ်တွင်လေ
သည်။

ခမည်းတော်သာယာဝတီမင်းတရားကြီး
သည်၁၁၉၉ခုကဆုန်လပြည့်ကျော်၁၂ရက်နေ့တွင်နန်တက်တော်မူပြီးနောက်နယုန်လပြည့်ကျော်၁၃ရက်နေ့တွင်မိဖုရား၊သားတော်သ္မီးတော်မှုးကြီး
မတ်ရာတို့ကိုချီးမြှင့်မြောက်စားသောအခါ
အိမ်ရှေ့စံလောင်းလျှာမင်းသားသည်ပန်တိန်မြို့
ကိုစားရပြန်သောကြောင့်ပန်တိန်းမင်းသားဟု
တွင်ပြန်လေသည်။

မြန်မာ့စွယ်စုံကျမ်းတွင်အိမ်ရှေ့စံလောင်
လျှာမင်းသားသည်မင်းတပ်မြို့ကိုမင်း
သားလတ်အရွယ်ကစားကြေးစားမြို့
ရသောကြောင့်မင်းတပ်မင်းဟုလည်
တွင်ခဲ့ပါသည်။

နောင်တော်ပုဂံမင်းလက်ထက်တော်တွင်ကနောင်
မြို့ကိုစားရပြန်သောကြောင့်ကနောင်မင်းသားဟူ၍လွှတ်တက်မင်းသားကြီးဘ၀သို့နောင်တော်
မင်းတုန်းမင်းသားနှင့်အတူရောက်ရှိခဲ့
လေသည်။

ကနောင်မြို့သည်ဧရာဝတီမြစ်အနောက်ဖက်ကမ်းရန်ကုန်မြို့နှင့်မိုင်၂၀၀အကွာမြန်အောင်မြို့
၏တောင်ဘက်၆မိုင်အကွာတွင်တည်ရှိ
၍ရှေ့အခါကပုသိမ်၃၂မြို့တွင်အ၀င်အပါဖြစ်လေသည်။

ရှေးကမွန်တို့အခြေစိုက်နေထိုင်ပြီး၎င်း
မြို့၌ဗမာတို့အခေါ်စစ်ပင်များပေါက်ရောက်သည်။၎င်းအပင်ကိုမွန်တို့ကကနောင်ဟုအသံထွက်ခေါ် ဆိုရာမှ ကနောင်မြို့ဖြစ်လာသည်။

ပုဂံမင်းလက်ထက်၌၎င်းမင်း၏အုပ်ချုပ်ပုံလျှောရဲညံဖျင်းမူကြောင့်ပြည်သူပြည်သာအတိဒုက္ခရောက်ကြ
ပြီးဒုတိယအင်္ဂလိပ်မြန်မာစစ်ဖြစ်ပွားလာခဲ့လေသည်။

ပုဂံမင်းညံဖျင်းမူကိုပြည်သူကမနှစ်မြို့တော့ဘဲ
မင်းတုန်းမင်းနှင့်ကနောင်မင်းကိုလိုလာကြလေ
သည်။ထို့ကြောင့်သာယာဝတီမင်းတရားကြီး
နှင့်မိဖုရာခေါင်ကြီး၏သမီးကြီး ပုဂံမင်း၏
နှမစုဖုရာကြီး(နောင်စင်္ကြာဒေ၀ီမိဖုရား
ခေါင်ကြီးဖြစ်လာသူ)ကအခါပေးပြီး နောင်တော်မင်တုန်းမင်းသားအတွက်ကနောင်မင်းသားကဦးဆောင်ပုန်ကန်ခဲ့ပါသည်။

နောင်တော်မင်းတုန်မင်းတရားကြီး
လက်ထက်တော်၌သီရိပ၀ရမဟာသုဓမ္မရာဇာဘွဲ့
မည်ရည်ခံတော်မူ၍အိမ်ရှေ့စံမင်းအဖြစ်
သို့ရောက်ခဲ့ပါသည်။

ဒီပဲးယင်းမြို့၊တောင်တွင်းကြီးမြို့၊စလေ
မြို့၊ပဉ္စာလ၅မြို့တို့သည်အိမ်ရှေ့မင်း၏
အသုံးကံကျွေးခံမြို့များဖြစ်ပေသည်။

အိမ်ရှေ့မင်းသည်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပြိးစ
မြန်မာနိုင်ငံကိုနိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်
ရန်အတွက်နိုင်ငံခြားပညာတော်သင်​လွှတ်ခြင်း၊
စက်ရုံပေါင်း၅၀ကျော်ကိုတိုင်းပြည်တိုးတက်ရန်
ရည်မြော်၍မိမိပိုင်ငွေတော်များနှင့်အားစိုက်ခွန်စိုက်
ပြုလုပ်ခြင်း၊လက်နက်နိုင်ငံထူထောင်နိုင်ရန်
အတွက်လက်နက်ထုပ်လုပ်ရေနှင့်ရေမြှတ်ဗုံး
ကိုတီထွင်ခြင်းများကိုနေ့မနားညမအား
ဆောင်ရွက်ခဲ့သည့်ဗမာပဒေသရာဇ်
ခေတ်တလျှောက်တွင်ခေတ်အမှီဆုံးနှင်အတေွးအခေါ်အမြှော်မြင်အကြီးဆုံးခေါင်း
ဆောင်ကြီးဖြစ်ပါပေသည်။

အိမ်ရှေ့မင်းသည်၁၂၂၈ခုဒုတိယဝါဆို
လပြည့်ကျော်၇ရက်(၂- ၈ - ၁၈၆၆)
ကြာသာပတေးနေ့တွင်ဖြစ်ပွားသော
မြင်ကွန်းမြင်းခုံတိုင်အရေးတော်ပုံ၌
ကျရှုံးရလေသည်။

မြန်မာပြည်ကြီးလှော်နေရင်တက်ကျိုး
ရသည့်လှေပမာမြန်မာကြမ္မာညိုးခဲ့ရလေသည်။
၂၊၈၊၂၀၁၅တွင်မြန်မာခေတ်
အမှီဆုံး၊နိုင်ငံကိုတိုးတက်စေလိုသော
မြန်မာပဒေသရာဇ်ခေတ်ခေါင်းဆောင်ကြီး
အိမ်ရှေ့တော်ဘုရားကျဆုံးခဲ့ရသည်
မှာ၁၄၉နှစ်ပြည်ခဲ့ပါလေပြီ။

သာယာဝတီမင်းတရားကြီးနာမကျန်း
ချိန်၌ပုဂံမင်းနန်းရရေးအတွက်အရည်အချင်းရှိသောပြည်မင်းသားအားအမူ
ဆင်၍မသင့်သောအကြံကြံစည်သည်
ဟုဆိုကာကွက်မျက်ခြင်းသည်၎င်း၊
မြင်ကွန်းမြင်ခုံတိုင်အရေး၌အိမ်ရှေ့တော်ဘုရား
ကျရှုံးရခြင်းသည်၎င်း၊

၁၉၄၇ခုဇူလိုင်လ၁၉ရက်နေ့၌မြန်မာ့
လွှတ်လပ်ရေးဗိသုကာအမျိုးသားခေါင်းကြီး ဗိုလ်ချူပ်အောင်ဆန်းလုပ်ကြံခံရခြင်းသည်၎င်း
ကျွန်တော်တို့မြန်မာနိုင်ငံ၏ကြမ္မာအဆိုးသို့ဦးတည်ခဲ့ရခြင်းများသာဖြစ်ပေသည်။

လက်ရှိနိုင်ငံခေါင်ဆောင်များ၊နိုင်ငံရေလောကမှအကြီးအကဲများသမိုင်းကို
သတိမူနိုင်ရန်တင်ပြလိုက်ပါသည်။

#mr.potato

"စာဖတ်​​သောလူမျိုးတို့သည်​ တိုးတက်​၍
တိုးတက်​​သောလူမျိုးတို့သည်​ စာဖတ်​ကြသည်​။"

Comments

Popular posts from this blog

အာဇာနည်​​နေ့ဘာ​ကြောင့်​ဖြစ်​ပေါ်​လာရတာလဲ

"ပန်းချီပညာနှင့်​တိုင်းပြည်​ဂုဏ်​​ဆောင်​ခဲ့သူ"

တောပုန်းကြီးစံဖဲအတွက်​ကဗျာစပ်​ခဲ့သူ မြန်​မာ့စာ​ပေ​လောကတိုးတက်​​အောင်​ ​ရှေ့တန်းမှစွမ်း​ဆောင်​ခဲ့သူ "သခင်​ကိုယ်​​တော်​မှိုင်း"