Posts

"မုပွန်​နတ်​ကျွန်းသား စာ​ရေးဆရာကြီး သိပ္ပံမောင်ဝ"

Image
"​ခေတ်​စမ်းစာ​ရေးဆရာကြီး သိပ္ပံမောင်ဝ" သိပ္ပံမောင်ဝ သည် မြန်မာလူမျိုး စာရေးဆရာတစ်ဦးဖြစ်ပြီး ခေတ်စမ်းစာပေ ကို ရှေ့တန်းမှ မား⁠မားမတ်မတ် ရပ်လျက် ပြုစု ပျိုးထောင်ခဲ့သူများတွင် တစ်ဦးဖြစ်သည်။ အမည်ရင်း ဦးစိန်တင်၊ ဘီအေ၊ အိုင်-စီ-အက်စ် ဖြစ်သည်။ ငယ်ဘဝ ဦးစိန်တင်သည် မော်လမြိုင်မြို့ မုပွန် နတ်ကျွန်းရပ်တွင် အဖ ဦးအုန်းရွှေ၊ အမိ ဒေါ်သစ်တို့မှ ဖွားမြင်သူ ဖြစ်သည်။ ငယ်စဉ်ကပင် မိခင်ဆုံးသဖြင့် အဖွားနှင့် ကြီးဒေါ်တို့လက်တွင်ကြီးပြင်းခဲ့ရသည်။ ငယ်စဉ်ကပင် မြန်မာစာပေပိဋကတ် ကျမ်းဂန်တို့တွင် များစွာပင် ကျွမ်းကျင် လှပေသော အဘိုးဖြစ်သူ ဦးလူကလေး၏ ပြောကြား ဆုံးမရာ ဝတ္ထု၊ ပုံပြင်၊ ရာဇဝင် အစ ရှိသည်တို့ကို ကောင်းစွာနာယူ ကျက်မှတ်ခဲ့ရသဖြင့် မြန်မာဘက်ဆိုင်ရာ အဖြာဖြာသော ပညာရပ်တို့၌ အခြေအမြစ် ကောင်းစွာ ရရှိခဲ့သူ ဖြစ်လေသည်။ ကျောင်းသား အရွယ်သို့ ရောက်၍ အင်္ဂလိပ်ကျောင်းတွင် နေစဉ်အခါ ကာလ၌လည်း မိမိ၏ ဘကြီးဖြစ်သူ တောင်ဝိုင်းကြီး ရွှေကျင်တိုက်၌ သီတင်းသုံးလျက် ရှိသော ဘုန်းတော်ကြီး ဦးပညာဇောတထံသို့မကြာမကြာ သွားရောက်ကာ ပညာဆည်းပူးခြင်းအားဖြင့်လည်း ဦးစိန်တင်သည် အင်္ဂလိပ်မြန်မာ နှစ်ဘာသာဆိုင်ရာ ဗဟုသုတတို့ကို တိုးတက် မှတ်သား စုေ...

"ပန်းချီပညာနှင့်​တိုင်းပြည်​ဂုဏ်​​ဆောင်​ခဲ့သူ"

Image
"မြန်​မာ့ပန်း​ချီ​ကျော်​ ဦးဘညဏ်​" မြန်​မာ့ပန်း​ချီ​လောကတွင်​ထင်​ရှား​ကျော်​ကြား​သောပန်းချီဆရာတစ်​ဦးရှိပါသည်​။ထိုသူမှာဦးဘညဏ်​ဖြစ်​သည်​။ဦးဘညဏ်​ကို၃-၁-၁၈၉၇ခုနှစ်​တွင်​အဖဦးဘအို၊အမိ​ဒေါ်ညိုတို့မှပန်းတ​နော်​မြို့တွင်​​မွေးဖွားသည်​။မွေးချင်း၆​ယောက်​အနက်​ပဉ္စမ​မြောက်​သားဖြစ်​သည်​။ ​ငယ်​စဉ်​ကတည်းကညီအကို​မောင်​နှများနှင့်​စရိုက်​သဘာဝမတူစွာအသ်​​လေးနှစ်​အရွယ်​မှစ၍​ကျောက်​သင်​ပုန်း​ပေါ်တွင်​အရုပ်​​ရေးဆွဲ​နေ​လေ့ရှိသည်​။အသက်​၇နှစ်​​ရောက်​လျှင်​မူလတန်း​ကျောင်းထား​သော်​လည်း၊​ကျောင်းစာကိုစိတ်​မဝင်​စားပဲ ပုံဆွဲခြင်းကိုသာအာရုံစိုက်​​နေ​သော​ကြောင့်​အရိုက်​ခံရဖန်​များ​လေသည်​။သို့​သော်​လည်းအရုပ်​​ရေးဆွဲခြင်းကို ဦးဘညဏ်​အားမည်​သူမျှတားဆီးနိုင်​ စွမ်းမရှိ​ချေ။ အသက်​၁၄နှစ်​အရွယ်​​ရောက်​လျှင်​ မိဘနှစ်​ပါးက၎င်း၏ဝါသနာကိုမဆန့်​ကျင်​​တော့ပဲ ပန်းချီဆရာဦးဘိုး​မောင်​ထံအပ်​နှံ၍ ပန်းချီပညာကို သင်​ကြား​စေခဲ့သည်​။အစိုးရအတတ်​သင်​​နော်​မန်​ပညာ​ကျောင်းကို ဗြိတိသျှအစိုးရက ​မော်​လမြိုင်​မြို့​တော်​၌တွဲဖက်​ဖွင့်​လှစ်​​သောအခါ ဦးဘညဏ်​သည်​ဆရာဦးဘိုး​မောင်​ထံမှတစ်​ဆင့်​ ထို​ကျောင်းသို့​ပြောင်း​ရွေ့ပည...

တောပုန်းကြီးစံဖဲအတွက်​ကဗျာစပ်​ခဲ့သူ မြန်​မာ့စာ​ပေ​လောကတိုးတက်​​အောင်​ ​ရှေ့တန်းမှစွမ်း​ဆောင်​ခဲ့သူ "သခင်​ကိုယ်​​တော်​မှိုင်း"

Image
တောပုန်းကြီးစံဖဲအတွက်​ကဗျာစပ်​ခဲ့သူ မြန်​မာ့စာ​ပေ​လောကတိုးတက်​​အောင်​ ​ရှေ့တန်းမှစွမ်း​ဆောင်​ခဲ့သူ "သခင်​ကိုယ်​​တော်​မှိုင်း" """"""""""""""""""""""""""""""""""""""""""""""""""""""""""""" ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ မြန်မာ သက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့တွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့က ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်ဖြစ်ကာ ငယ်နာမည်မှာ မောင်လွမ်းမောင် ဖြစ်သည်။ မွေးဖွား မောင်လွန်း မတ် ၂၃၊ ၁၈၇၆ ဝါးလယ်ရွာ၊ ရွှေတောင်မြို့၊ ပြည်ခရိုင်၊ မြန်မာနိုင်ငံ ကွယ်လွန်  ဇူလိုင် ၂၃၊ ၁၉၆၄ (အသက် ၈၈) ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ထာဝရ အိပ်စက်ရာ ကန်တော်မင်ဉယျ...

မြန်​မာနိုင်​ငံကိုလက်​နက်​နိုင်​ငံအဖြစ်​ထူ​ထောင်​ရန်​ကြိုးစားခဲ့သူ

Image
▶▶▶"အိမ်ရှေ့စံ ကနောင်မင်းသားကြီး"◀◀◀ သာယာဝတီမင်းတရားကြီးနှင့်တောင်ဆောင်​ တော်ကျောက်မှော်မိဖုရားတို့မှ၁၁၈၁ခု တော်သလင်းလပြည့်ကျော်၂ရက်​တနင်္ဂနွေနေ့တွင်​ ​မွေးဖွားသန့်စင့်ပါသည်။ မင်းတုန်းမင်တရားကြီးညီတော်အရင်းဖြစ်ပါသည်။ ဘကြီးတော်ဘုရား(စစ်ကိုင်းမင်း)လက် ထက်တော်ကအိမ်ရှေ့လောင်လျှာမင်း သားသည်မြို့မတိုက်ကိုစားကြေးစားမြို့ ရရှိသောကြောင့်မြို့မမင်းသားဟုခေါ်တွင်လေ သည်။ ခမည်းတော်သာယာဝတီမင်းတရားကြီး သည်၁၁၉၉ခုကဆုန်လပြည့်ကျော်၁၂ရက်နေ့တွင်နန်တက်တော်မူပြီးနောက်နယုန်လပြည့်ကျော်၁၃ရက်နေ့တွင်မိဖုရား၊သားတော်သ္မီးတော်မှုးကြီး မတ်ရာတို့ကိုချီးမြှင့်မြောက်စားသောအခါ အိမ်ရှေ့စံလောင်းလျှာမင်းသားသည်ပန်တိန်မြို့ ကိုစားရပြန်သောကြောင့်ပန်တိန်းမင်းသားဟု တွင်ပြန်လေသည်။ မြန်မာ့စွယ်စုံကျမ်းတွင်အိမ်ရှေ့စံလောင် လျှာမင်းသားသည်မင်းတပ်မြို့ကိုမင်း သားလတ်အရွယ်ကစားကြေးစားမြို့ ရသောကြောင့်မင်းတပ်မင်းဟုလည် တွင်ခဲ့ပါသည်။ နောင်တော်ပုဂံမင်းလက်ထက်တော်တွင်ကနောင် မြို့ကိုစားရပြန်သောကြောင့်ကနောင်မင်းသားဟူ၍လွှတ်တက်မင်းသားကြီးဘ၀သို့နောင်တော် မင်းတုန်းမင်းသားနှင့်အတူရောက်ရှိခဲ့ လေသည်။ ကနောင်...

"အာဇာနည်​​ခေါင်း​ဆောင်​ကြီး ဗိုလ်​ချူပ်​​အောင်​ဆန်း ရဲ့အတ္ထုပ္ပတ္တိ"

Image
▶▶"ဗိုလ်ချုပ်အောင်ဆန်း"◀◀ ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူးခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာလည်း လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သော အိုးဝေ မဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်ပြီး သရမ်း နေသည် (The Hell Hound At Large...

အာဇာနည်​​နေ့ဘာ​ကြောင့်​ဖြစ်​ပေါ်​လာရတာလဲ

Image
*** အာဇာနည်နေ့သမိုင်း *** -------------------------------------        ခရစ်နှစ်- 1947-ခုနှစ် ဇူလိုင်လ 19-ရက်နေ့( ကောဇာသက္ကရာဇ် ၁၃၀၉-ခုနှစ် ဝါခေါင်လ္ဆန်း ၂ -ရက်နေ့ ) စနေနေ့ နံနက် ၁၀-နာရီ ၃၇-မိနစ်တွင် အတွင်းဝန်များ ရုံးမှာ တိုင်းပြည်ကျွန်ဘဝမှ လုံးဝလွတ်မြောက်ရေးနဲ့ စစ်ပြီးခေတ် မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် အစည်းအဝေး ထိုင်နေကြတဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ ကြားဖြတ်အစိုးရ ဝန်ကြီးတွေ လုပ်ကြံခံရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့ပါတယ်။     အဲဒီနေ့က ရန်ကုန်မြို့ရဲ့ ရာသီဥတုဟာ မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက် ရှိနေသည် ``တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရပါ´´မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးတိုးဝါးတား မှုန်မှိုင်း၍ နေပါသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲ နေလိုက် တဖြိုင်ဖြိုင် ရွာချလိုက်နဲ့ စွေ၍ နေလေသည် ဟု ဆရာကြီးဒဂုန်တာရာက ရေးသားမှတ်တမ်း တင်ခဲ့ပါသည်။     ထိုနေ့ နံနက် ၁၀-နာရီခန့်တွင် တာဝါလိမ်း နေအိမ်ကနေ အတွင်းဝန်များ ရုံးမှာ ပြုလုပ်မယ့် ဝ...

မြန်​မာ့လူငယ်​​တွေစာမဖတ်​ကြ​တော့ဘူးလား

Image
မြန်​မာ့လူငယ်​​တွေစာမဖတ်​ကြ​တော့ဘူးလား """"""""""""""""""""""""""""""""""""""""""""""""""""""""""""" ယ​နေ့​ခေတ်​လူငယ်​​တွေများ​တော်​​တော်​ခက်​တယ်​  စာဖတ်​ပါလို့​ပြောလည်း မဖတ်​ကြ​တော့ဘူး​လေ  ဖုန်းထဲကသတင်း​လေး​တွေဖတ်​ပြီး သူတို့ကိုယ်​သူတို့ဗဟုသုတအ​ပေါင်းနဲ့ပြည့်​စုံလှပြီလို့ထင်​​နေကြတယ်​ ရသစာ​ပေဆိုတာ​တောင်​သူတို့​တွေသိပါ​လေစ ဟိုတစ်​​နေ့ကဆိုလူငယ်​တစ်​​ယောက်​ကို ​မေးကြည့်​တာ ရသစာ​ပေဆိုတာကဗျာ ကို​ပြောတာလားတဲ့ အဲ့တာပဲကြည့်​​တော့ဗျာ facebookဆိုတာကြီးကိုဘဝလို့ထင်​​နေကြတဲ့  လူငယ်​​တွေများ ဒုနဲ့​ဒေး Social mediaက သူတို့ဘဝကို ချူပ်​ကိုင်​​နေတယ်​ဆိုတာကို  မသိချင်​​ယောင်​​ဆောင်​​နေကြတဲ့သူငယ်​နှပ်​စား​တွေများပုံလို့  ဟိုတ​လောက ကြားလိုက်​​သေးတယ်​  တစ်​နိုင်​ငံလုံးမှ...